Rohingya Poetry: The vicious cycle of sufferings
- Md Saidul Hoque
- Apr 9, 2021
- 1 min read



ဒုက္ခသံသရာ
By Shahida Win
အမိမြေ အာရ်ကန်ပြည်မှာ
စစ်ဘီးလူးမိစ္ဆာ လူယုတ်မာများက
အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခိုက်
တို့ရွာတို့အိမ် ဥစ္စာစည်းစိမ်
အငြိုးကြီးနှင့် မီးရှို့ပွဲစတင်
အမေတကွဲ သားတကွဲ
ငိုကြွေးပွဲ ဆင်နွဲ
အရှင်လတ်လတ် မီးပုံထဲ
လည်လှီးပြီး ပစ်ချခဲ့
နီနီရဲရဲ မီးတောက်မီးလျှံ
အဆုံးမရှိ မိုးကောင်းကင်ထိ
ကြောက်မက်ဖွယ်ရာ ငရဲမီးအလား
တဟုန်းဟုန်း လောင်ကျွမ်းသွား
လူ့သတ်ကွင်းနှင့် မီးလောင်ပြင်
သက်လုပြေးရင်း ထိုမြင်ကွင်း
မျက်ဝါးတင်တင် ကိုယ်တွေ့မြင်
မမေ့နိုင်ပါ ယနေ့ထိပင်
တောတောင်ပေါ်က ဒုက္ခသည်အဆောင်
ခြံစည်းရိုးခတ် အမိုးဖွင့်ထောင်
မမျှော်လင့်ဘဲ မီးကြီးလောင်
လုံခြုံရာကို မလွတ်နိုင်ဘဲ
သက်ပေါင်းများစွာ ဆုံးရှုံးခဲ့
ကံမကောင်းတဲ့ တို့ရိုဟင်ဂျာ
လူ့လုပ်ကပ်ဘေး အကြိမ်ကြိမ်တွေ့
ဒုက္ခသံသရာ လည်လို့လာ
နေ့ညမပျက် ဝမ်းနည်းပူဆွေး
တောကြားတောင်ကြား တိုင်းတစ်ပါမှာ
ဆင်းဆင်းရဲရဲ တဲစုတ်ကလေးထဲ
မျှော်လင့်ချက်မဲ့ သက်ရှင်လာနေ
မထင်မှတ်ပဲ မီးကပ်ဘေး
ထပ်တလဲလဲ ကြုံလာနေ
နာကျည်းမှုတွေ အံကြိတ်ပြီး
လူ့ဂုဏ် သိက္ခာရှိရှိ
အမိမြေကို ပြန်မယ့်တစ်နေ့ကို
စောင့်မျှော်ရင်းနဲ နေ့စဥ်
ကိုယ့်ကိုကိုယ် ဖြေသိမ်း
နေရာတကာ တို့ရိုဟင်ဂျာ
သံဆူးခတ်လို့ ပိတ်လှောင်ခံထား
လူကိုလူလို ရှင်သန်ခွင့်ပြုပါ
တိရစ္ဆာန်လို မဆက်ဆံပါနဲ့လား
တို့တတွေလည်း လူသားတွေပါ
လွတ်လပ်မှု၏ အရသာ
မသေခင် တို့ဘဝမှာ
တစ်ကြိမ်တစ်ခါ ခံစားချင်လာ
Translated by: junaid Alom
The vicious cycle of sufferings
In our motherland, Arakan,
While the evil and heartless military
Were carrying out mass killings,
They also started setting on fire
our properties,our homes and villages with deep hatred.
Mother is separated from the son
Everyone is mourning with grief
Throwing alive to the fire
Beheading and shooting everywhere
The dark red flame reaches the sky
Like the fire raising up from the hell
Everything bursts into flames
The killing field and the fire
That scene as I run for my life
I saw it with my own eyes
And I will never forget it
The refugee camps on the hill
Fenced with barbed wire like an open prison
Starts burning unexpectedly
Nowhere to escape for safety
Many lives were lost for nothing
The unfortunate Rohingya
Have to suffer many man made disasters
The vicious cycle of suffering continues
Days and nights without a gap
Far away in another land
In a poor little tent
Living without hope
Often experiencing the unexpected fire breakout
Bearing all the pains
For a dignified return to my motherland
I am patiently waiting for that day to come
Everywhere we Rohingya
Are locked inside the fence with barbed wire
Let a human live as a human
Do not treat us like the animals
We too are human beings
The taste of freedom
In our life before death
We just want to feel it once



Comments